လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်မှု အခြေအနေများ

  • News

၁။      အခြေခံပညာ ဆရာ/ ဆရာမများအကြား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုသုတ ပိုမိုတိုးပွားလာစေရေး၊ ကလေးသူငယ်အခွင့်အရေးများအား ပိုမိုအားပေးမြှင့်တင် နိုင်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ၃-၁၁-၂၀၂၁ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာဆရာ/ ဆရာမများ အထူးမွမ်းမံသင်တန်း၊ သင်တန်းအမှတ်စဥ် (၆၇) တွင် ကလေးသူငယ် အခွင့်အရေးများနှင့်  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်အကြောင်းတို့ကို ထည့်သွင်းပို့ချခဲ့ပါသည်။

၂။      အများပြည်သူအတွင်း ကလေးသူငယ်အခွင့်အရေးများ ပိုမိုပြန့်နှံ့စေရေးအတွက် ကော်မရှင် ကထုတ်ဝေထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် နံရံကပ် ပိုစတာများနှင့် လူ့အခွင့်အရေးနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်း ကလေးသူငယ်များအလွယ်တကူ ဖတ်ရှုသိရှိနိုင်စေရေးအတွက် ကော်မရှင်မှ ပြုစုထုတ်ဝေသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် Child Friendly Version ရုပ်ပြသရုပ်ဖော် စာအုပ်များကိုလည်း အဆိုပါ အခြေခံပညာ ဆရာ/ဆရာမများ မွမ်းမံသင်တန်းတွင် ဖြန့်ဝေခဲ့ပါသည်။

၃။      လူ့အခွင့်အရေး အသိပညာပြန့်ပွားရေး အစီအစဥ် ၂၀၂၀-၂၀၂၁ ခုနှစ် တစ်စိတ်တစ်ဒေသ အဖြစ် ကော်မရှင် Facebook စာမျက်နှာ၌ ဥာဏ်စမ်းပဟေဠိ အစီအစဥ်များ ပြုလုပ်ခဲ့ရာ ဒုတိယအကျော့ (Quiz Round-2) တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မေးခွန်းများ ထည့်သွင်း၍ ပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။ အဖြေအမှန်အကန်ဆုံးနှင့် အနီးစပ်ဆုံး ဖြေနိုင်သူ (၃) ဦးအား ဖုန်းငွေဖြည့်ကတ် ၁၀၀၀၀/- ကျပ်စီ ဆုချီးမြှင့်ခဲ့ပါသည်။

၄။      ကလေးသူငယ်အခွင့်အရေး ပိုမိုမြှင့်တင်ရန် ကော်မရှင်မှ ကလေးသူငယ်အခွင့်အရေး ဘာသာရပ်သင်ရိုးရေးဆွဲထားရှိပြီးပို့ချနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ 

 

လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန

Recent News