သီပေါ၊ လားရှိုး အကျဉ်းထောင်များ၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများနှင့် နေရပ် ခေတ္တစွန့်ခွာလာသူများအား နေထိုင်ရာ နေရာများကို ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် နှင့်
ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၃-၄-၂၀၁၉ ရက်နေ့တွင်
အကျဉ်းဦးစီးဌာနအောက်ရှိ သီပေါအကျဉ်းထောင်နှင့် သီပေါမြို့နယ်နှင့် ကျောက်မဲ မြို့နယ်ရှိရဲစခန်း၊
တရားရုံးအချုပ်ခန်းများကိုလည်းကောင်း၊ ၂၅-၄-၂၀၁၉ ရက်နေ့တွင် လားရှိုးမြို့ မရဲစခန်းနှင့်
လားရှိုးအကျဉ်းထောင်ကို ဝင်ရောက်၍ အကျဉ်းသားအိပ်ဆောင်များ၊ ဆေးရုံဆောင်၊
စားဖိုကြီး၊ တိုက်ခန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တစ်ဦးချင်းတွေ့ဆုံလိုသူ
အကျဉ်းသား၊ အကျဉ်းသူ ၂၅ ဦးကို တစ်ဦးချင်းတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခြင်း၊
အချုပ်သား၊ အကျဉ်းသားများနှင့် အဖွဲ့လိုက် ၁၄ နေရာခွဲ၍တွေ့ဆုံပြီး အခက်အခဲများမေးမြန်းခြင်း၊
လူ့အခွင့် အရေးချိုးဖောက်ခံရခြင်းရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ တရားဓမ္မစာအုပ်များ၊
ဗလာစာအုပ်များ လှူဒါန်းခြင်း မိခင်အကျဉ်းသူများနှင့်အတူ ပါရှိလာသော ကလေးငယ်များကို
သရေစာမုန့်များ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပြီး ပြုပြင်ရန်ရှိသည်များအား
သက်ဆိုင်ရာဌာနသို့ ပေးပို့ အကြံပြု သွားမည်ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းရင်းသား
လက်နက်ကိုင်အချို့၏ လူသစ်စုဆောင်း မည်ကို စိုးရိမ်၍ လားရှိုး မြို့နယ်၊
လွယ်စပ်ကျေးရွာမှ နေရပ်ကို ခေတ္တစွန့်ခွာလာသူ အိမ်ထောင်စု ၃၄ စု၊ လူဦးရေ ၁၄၄
ဦးတို့ကို ၂၆-၄-၂၀၁၉ ရက်နေ့တွင် ၎င်းတို့ ခေတ္တနေထိုင်ရာ လားရှိုးမြို့၊
ရပ်ကွက်ကြီး (၁၂) သို့ သွားရောက်တွေ့ဆုံ၍ အခက်အခဲများ မေးမြန်းခြင်း
လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများကို
ဆောင်ရွက် ခဲ့ပါသည်။


