အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်ခြင်း
၁။ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ
လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ၂၅-၁၁-၂၀၂၁ ရက်နေ့၊ နံနက်
၁၀း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ
ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များက virtual စနစ်ဖြင့်
တက်ရောက်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌက လူကိုယ်တိုင် တက်ရောက်ခဲ့ ပါသည်။
၂။ အဆိုပါအခမ်းအနားတွင်
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က
အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအသိ ပညာပေးဆိုင်ရာ video
clip ပြသခြင်း၊ ဆောင်းပါးပြိုင်ပွဲနှင့် ကျား၊ မ အခြေပြု
အကြမ်းဖက်ခြင်း ဆိုင်ရာ ဗဟုသုတ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆုရရှိသူများကို
ဆုချီးမြှင့်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါ သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

