Microsoft Excel သင်တန်းပြုလုပ်ခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး ဝန်ထမ်းများအတွက် ကွန်ပျူတာ စွမ်းဆောင်ရည်
မြှင့်တင်ရေး တစ်ရပ်အနေဖြင့် Microsoft
Excel သင်တန်းကို
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး တွင် ၁၇-၁-၂၀၂၂ ရက်နေ့မှ
၂၁-၁-၂၀၂၂ ရက်နေ့အထိ (၅) ရက်တာ ဆောင်ရွက်ခဲ့ပြီး အဆိုပါသင်တန်းတွင် ကော်မရှင်
အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းကို ကော်မရှင်ရုံး e-Government ဌာနက
တာဝန်ယူသင်ကြားပို့ချမှုများ ဆောင်ရွက်ခဲ့ပြီး ကော်မရှင်ရုံး ဝန်ထမ်း (၁၂) ဦး
တက်ရောက် ခဲ့ကြပါသည်။
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ရုံး e-Government ဌာနအနေဖြင့် ကော်မရှင်၏
သတင်းအချက်အလက်နှင့်နည်းပညာကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် နည်းတူ
ကော်မရှင်ရုံးရှိဝန်ထမ်းများကို သတင်းအချက်အလက် နည်းပညာ နှင့် ကွန်ပျူတာဘာသာရပ်များ
ကျွမ်းကျင်စေရေးအတွက် ဌာနအတွင်း သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။

