မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏
မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် မရှိမဖြစ် လိုအပ်ခြင်းကြောင့်
နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အုပ်ချုပ်မှု အာဏာအရ
အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်ဖြင့် ပါရီအခြေခံမူများနှင့် ကိုက်ညီသည့်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် ရက်စွဲပါ
အမိန့်ကြော်ငြာစာ အမှတ် (၃၄/၂၀၁၁) ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရေရှည် ခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်တွင် စတင်ရေးဆွဲခဲ့
ပါသည်။ ယင်းကဲ့သို့ ရေးဆွဲခဲ့သည့် ဥပဒေကြမ်းကို
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့်
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်
ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၁) ဖြင့် မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင်ဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေအရ နိုင်ငံတော်သမ္မတရုံး၏
အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၄) ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို
ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်
နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃/၂၀၂၀) ဖြင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၃
ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်
(၆၈/၂၀၂၃) ဖြင့် ခန့်အပ်တာဝန်ပေးအပ်ခြင်း၊၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၄၇/၂၀၂၄) ဖြင့် အဖွဲ့ဝင် တိုးချဲ့ဖွဲ့စည်းခန့်အပ်ခြင်း၊
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ
အမိန့်အမှတ် (၁၆/၂၀၂၅) ဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ခန့်အပ်တာဝန်ပေးအပ်ခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင်
ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင်
နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၃၀/၂၀၂၆) ဖြင့် ကော်မရှင် ဥက္ကဋ္ဌ
ဦးသစ်လင်းအုန်းနှင့် အဖွဲ့ဝင် (၁၀) ဦး ပါဝင်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို
အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
(Myanmar
National Human Rights Commission) Website မှ လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သဖြင့် ၁၅ နှစ်တာကာလသို့
ရောက်ရှိလာခဲ့ပြီး ကော်မရှင်၏ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် လူ့အခွင့်အရေး
မြှင့်တင်ရေး၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ၊ စီမံခန့်ခွဲရေး
ဆိုင်ရာကိစ္စရပ်များကို ဤ Website က ပိုမို အထောက်အကူပြု
ပံ့ပိုးလျက်ရှိပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့်
မြန်မာနိုင်ငံအတွင်း လူ့အခွင့် အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းအားဖြင့်
လူ့အခွင့်အရေးကို
လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန်
ရည်ရွယ်ချက်ကို လူ့အခွင့်အရေးအခြေခံဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်လုံးကို ခိုင်မာယုံကြည်စွာ အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ
၂၂ အရ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ -
(က) သတင်းအချက်အလက်များဖြန့်ချိခြင်း၊
ပညာပေး ခြင်းဖြင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ အများပြည်သူ၏ အသိပညာအဆင့်အတန်း မြှင့်တင်ခြင်းနှင့် ခွဲခြားမှု ပုံသဏ္ဍာန် အားလုံးကို တိုက်ဖျက်သည့် ကြိုးပမ်းအားထုတ်မှုများကို
မြှင့်တင်ခြင်း၊
(ခ) လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့်
အပြည်ပြည်ဆိုင် ရာနှင့် ပြည်တွင်းဥပဒေများအား လိုက်နာမှု ရှိ၊ မရှိကိုစောင့်ကြည့်လေ့လာရေး၊
မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်ခြင်း-
(၁) နိုင်ငံတော်ကပါဝင်ချုပ်ဆိုသင့်သည့်
အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များကို အစိုးရအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
(၂) တည်ဆဲဥပဒေနှင့်အဆိုပြုထားသည့်
ဥပဒေ ကြမ်းများသည် နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို လေ့လာသုံးသပ်ပြီး လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ပြဋ္ဌာန်းသင့်သည့် ဥပဒေများနှင့်အခြား ဆောင်ရွက်သင့်သည်များကို
အစိုးရအဖွဲ့ မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်း၊
(၃) နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသော
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များပါ ပြဋ္ဌာန်းချက်များအရ တင်သွင်းရန် တာဝန်ရှိသည့်
အစီရင်ခံစာများ ပြုစုရာတွင် လည်းကောင်း၊ အဆိုပါအစီရင်ခံစာများတွင် ထည့်သွင်းဖော်ပြသင့်သည်များနှင့်
စပ်လျဉ်း၍လည်းကောင်း အစိုးရအဖွဲ့အား ပံ့ပိုးကူညီခြင်း။
(ဂ) လူ့အခွင့်အရေးဖောက်ဖျက်ကြောင်း
တိုင်တန်းချက် သို့မဟုတ် စွပ်စွဲချက်နှင့် စပ်လျဉ်း၍ စိစစ်ပြီး စုံစမ်းစစ်ဆေးခြင်း၊
(ဃ) တိုင်တန်းချက် သို့မဟုတ် စွပ်စွဲချက်အရဖြစ်စေ၊
သတင်းအရဖြစ်စေ လူ့အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်ပွားကြောင်း သိရှိရသည့်နေရာသို့ သွားရောက်စစ်ဆေးခြင်း၊
(င) လူ့အခွင့်အရေးဖောက်ဖျက်မှု ဖြစ်ပွားသည့်နေရာသို့
သွားရောက်စစ်ဆေးခြင်းနှင့် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းများနှင့် အစိုးရ
သို့မဟုတ် ပုဂ္ဂလိက ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ ဌာနများသို့ အကြောင်းကြား၍ သွားရောက်
စစ်ဆေးခြင်း၊
(စ) သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း၊
စီးပွားရေး အဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့အစည်း၊ တိုင်းရင်း သားအဖွဲ့အစည်း၊ လူနည်းစုများ၊
ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတို့နှင့် သင့်လျော်သလို တိုင်ပင် ဆွေးနွေးခြင်း၊
(ဆ) ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို
ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) အပါအဝင် အခြား အမျိုးသားအဆင့်၊ ဒေသအဆင့်နှင့်
နိုင်ငံတကာအဆင့် လူ့အခွင့်အရေးဆိုင်ရာ ယန္တရားများနှင့် သင့်လျော်သလို
တိုင်ပင်ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဇ) ပြည်ထောင်စုလွှတ်တော် သို့မဟုတ်
ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် သို့မဟုတ် အစိုးရအဖွဲ့က ကော်မရှင်သို့
ရည်ညွှန်းပေးပို့သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း၊
(စျ) လူ့အခွင့်အရေး မြှင့်တင်ရေးနှင့်ကာကွယ်ရေးတို့နှင့်
စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက သီးခြား ရည်ညွှန်းသော ကိစ္စရပ်များကို ပြန်လည်ဖြေကြားခြင်း၊
(ည) ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍
အစီရင်ခံစာများ ပြုစုခြင်းနှင့် သင့်လျော်သလို ထုတ်ပြန်ခြင်း၊
(ဋ) ကော်မရှင်၏ တာဝန်တစ်ရပ်ရပ်ကို
အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆက်စပ်မှုရှိသည့် သို့မဟုတ် အထောက်အကူဖြစ်စေမည့်
လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(ဌ) နိုင်ငံတော်၏ လူ့အခွင့်အရေး အခြေအနေနှင့်
ကော်မရှင်၏ဆောင်ရွက်မှုများ၊ လုပ်ငန်းတာဝန်များ နှင့် စပ်လျဉ်း၍ သင့်လျော်သည့် အကြံပြု
ထောက်ခံချက်များ ပါဝင်သော နှစ်ပတ်လည်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့
တင်ပြခြင်း၊
(ဍ) လိုအပ်ပါက လူ့အခွင့်အရေးကိစ္စနှင့်စပ်လျဉ်းသည့်
အထူးအစီရင်ခံစာများကို နိုင်ငံတော် သမ္မတထံ တင်ပြခြင်း။
(က) ဦးဝင်းမြ
(ခ) ဦးကျော်တင့်ဆွေ
(ဂ) ဦးထွန်းအောင်ချိန်
(ဃ) ဦးလှမြင့်
(င) ဦးသန်းဆွေ
(စ) ဒေါက်တာဉာဏ်ဇော်
(ဆ) ဒေါက်တာဒေါ်သန်းနွဲ့
(ဇ) ဒေါ်စောခင်ကြီး
(စျ) ဦးတင်ညို
(ည) ဦးခွထီးရို
(ဋ) ဦးလဖိုင်ဇော်ဂွန်း
(ဌ) ဦးညွန့်ဆွေ
(ဍ) ဒေါ်စန်းစန်း
(ဎ) ဦးစစ်မြိုင်
(က) ဦးဝင်းမြ
(ခ) ဦးစစ်မြိုင်
(ဂ) ဦးဇော်ဝင်း
(ဃ) ဦးယုလွင်အောင်
(င) ဦးညွန့်ဆွေ
(စ) ဒေါက်တာမြင့်ကြည်
(ဆ) ဒေါက်တာဉာဏ်ဇော်
(ဇ) ဒေါက်တာဒေါ်သန်းနွဲ့
(စျ) ဦးခင်မောင်လေး
(ည) ဒေါ်မြမြ
(ဋ) ဦးစိုးဘုန်းမြင့်
(ဌ) ဦးစိန်သန်း
(ဍ) ဦးညွန့်တင်
(ဎ) ဒေါက်တာဒေါ်တင်မေထွန်း
(က) ဦးလှမြင့်
(ခ) ဒေါက်တာနန္ဒာမွှန်း
(ဂ) ဦးပေါ်လွင်စိန်
(ဃ) ဦးကျော်စိုး
(င) ဒေါက်တာသန်းမြင့်
(စ) ဒေါ်နုနုယဉ်
(ဆ) ဒေါက်တာတင်မောင်မောင်သန်း
(ဇ) ဒေါက်တာမြင့်သူမြိုင်
(ဈ) ဦးတင်အောင်
(ည) ဒေါ်တင်ကြည်ဦး
(ဋ) ဦးကျော်မြင့်
(က) ဦးလှမြင့်
(ခ) ဒေါက်တာနန္ဒာမွှန်း
(ဂ) ဦးပေါ်လွင်စိန်
(ဃ) ဦးကျော်စိုး
(င) ဒေါက်တာသန်းမြင့်
(စ) ဒေါ်နုနုယဉ်
(ဆ) ဒေါက်တာတင်မောင်မောင်သန်း
(ဇ) ဒေါက်တာမြင့်သူမြိုင်
(ဈ) ဦးတင်အောင်
(ည) ဦးကျော်မြင့်
(က) ဦးပေါ်လွင်စိန် ဥက္ကဋ္ဌ
(ခ) ဒေါက်တာနန္ဒာမွှန်း ဒုတိယဥက္ကဋ္ဌ
(ဂ) ဦးကျော်စိုး အဖွဲ့ဝင်
(ဃ) ဒေါက်တာသန်းမြင့် အဖွဲ့ဝင်
(င) ဒေါ်နုနုယဉ် အဖွဲ့ဝင်
(စ) ဒေါက်တာတင်မောင်မောင်သန်း အဖွဲ့ဝင်
(ဆ) ဒေါက်တာမြင့်သူမြိုင် အဖွဲ့ဝင်
(ဇ) ဦးတင်အောင် အဖွဲ့ဝင်
(စျ) ဦးကျော်မြင့် အဖွဲ့ဝင်
(က) ဦးပေါ်လွင်စိန် ဥက္ကဋ္ဌ
(ခ) ဒေါက်တာနန္ဒာမွှန်း ဒုတိယဥက္ကဋ္ဌ
(ဂ) ဦးကျော်စိုး အဖွဲ့ဝင်
(ဃ) ဒေါက်တာသန်းမြင့် အဖွဲ့ဝင်
(င) ဒေါ်နုနုယဉ် အဖွဲ့ဝင်
(စ) ဒေါက်တာတင်မောင်မောင်သန်း အဖွဲ့ဝင်
(ဆ) ဒေါက်တာမြင့်သူမြိုင် အဖွဲ့ဝင်
(ဇ) ဦးတင်အောင် အဖွဲ့ဝင်
(စျ) ဦးကျော်မြင့် အဖွဲ့ဝင်
(ည) ဦးဝင်းလှိုင်ဦး (ခ) ကုန်းဇမှုန်း အဖွဲ့ဝင်
(ဋ) ဦးသန်းဝင်း အဖွဲ့ဝင်
(ဌ) ဦးတင်ကိုကို အဖွဲ့ဝင်
(က) ဦးပေါ်လွင်စိန် ဥက္ကဋ္ဌ
(ခ) ဦးကျော်စိုး အဖွဲ့ဝင်
(ဂ) ဒေါက်တာသန်းမြင့် အဖွဲ့ဝင်
(ဃ) ဒေါက်တာမြင့်သူမြိုင် အဖွဲ့ဝင်
(င) ဦးတင်အောင် အဖွဲ့ဝင်
(စ) ဦးကျော်မြင့် အဖွဲ့ဝင်
(ဆ) ဦးဝင်းလှိုင်ဦး (ခ) ကုန်းဇမှုန်း အဖွဲ့ဝင်
(ဇ) ဦးသန်းဝင်း အဖွဲ့ဝင်
(စျ) ဦးတင်ကိုကို အဖွဲ့ဝင်