e-Government ဌာန

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေးကော်မရှင်တွင် e-Government လုပ်ငန်းများ စတင် အကောင်အထည်ဖော်နိုင်ရန်အတွက် e-Government Task Force ကို ဌာန အသီးသီးမှ ဝန်ထမ်း (၆) ဦးဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကနဦး စတင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းအဖွဲ့က e-Government ဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် ဝတ္တရားများ ရေးဆွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် e-Government ဌာနကို ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် (၅/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ 

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ e-Government ဆိုင်ရာ လုပ်ငန်းစဉ်များ အကော်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောနည်းပညာ၊ အခြေခံအဆောက်အဦ၊ အွန်လိုင်း ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာ (ICT) ဆိုင်ရာစံနှုန်းများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်ခြင်း။

    ညွှန်ကြားရေးမှူး (၁) ဦး၊ ဒုတိယညွှန်ကြားရေးမှူး (၁) ဦး၊ လက်ထောက်ညွှန်ကြားရေး မှူး (၂) ဦး၊ ဦးစီးအရာရှိ (၃) ဦး၊ ဒုတိယလူ့အခွင့်အရေးဦးစီးမှူး (၃) ဦး၊ အကြီးတန်းစာရေး (၃) ဦး၊ အငယ်တန်းစာရေး (၄) ဦးတို့ဖြင့်ဖွဲ့စည်းထားပါသည်။

(က)    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ e-Government ဆိုင်ရာ လုပ်ငန်းစဉ်များ အကော်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောနည်းပညာ၊ အခြေခံအဆောက်အဦ၊ အွန်လိုင်း ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာ (ICT) ဆိုင်ရာစံနှုန်းများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊

(ခ)     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လက်ရှိဆောင်ရွက်ချက်ရှိသည့် e-Government စနစ်များ အရှိန်အဟုန်မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက် ရေး၊ သတင်းအချက်အလက် နည်ပညာများလုံခြုံရေး၊ သတင်းအချက်အလက် နည်းပညာနှင့် e-Government လုပ်ငန်းများ စံသတ်မှတ်ရေးတို့အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဂ)     ကော်မရှင်၏ e-Government လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များအတွက် တာဝန်ခံဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များလုံခြုံရေးအတွက် ကော်မရှင်က ချမှတ်ပေးသည့် လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဃ)    နိုင်ငံတကာအဖွဲ့အစည်းများနှင့်နည်းပညာ၊ ငွေကြေးအထောက်အပံ့တို့ဖြင့် ပူးပေါင်း ဆောင်ရွက်ရာတွင် လိုအပ်သောအကူအညီပေးခြင်း၊

(င)     ဌာနဆိုင်ရာအသီးသီးမှ အသုံးပြုထားသည့် Multi Platform Application များ တစ်စုတစ်စည်းတည်း ပေါင်းစပ်နိုင်ရန် သက်ဆိုင်ရာဌာန၊ ရုံးတို့နှင့်ချိတ်ဆက်ခြင်း၊ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊

(စ)     စံချိန်၊ စံညွှန်းများ၊ နည်းပညာဆိုင်ရာချိတ်ဆက် ဆက်သွယ်ပေါင်းစပ်နိုင်ရန်အတွက် လိုအပ်သောသတင်းအချက်အလက် နည်းပညာဆိုင်ရာ (ICT) စံသတ်မှတ်ချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတ်မှတ်ခြင်း၊ အတည်ပြုချက် ရယူနိုင်ရေးတင်ပြခြင်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ဆ)    အခြေခံအဆောက်အဦ လိုအပ်ချက်များအတွက် လိုအပ်ချက်များ တင်ပြဆောင်ရွက် ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်း၊ တိုးချဲ့ပေးခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာ ဆက်သွယ်ရေး ဝန်ဆောင်မှု အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(ဇ)     ပြည်သူများအတွက် Online ဖြင့် ထိရောက်ကောင်းမွန်သောဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် e-Service များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကော်မရှင်သို့ တင်ပြခြင်း၊

(ဈ)     သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခြင်း၊

(ည)    သတင်းအချက်အလက်နှင့် Cyber Security တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သတင်းအချက်အလက်လုံခြုံမှု အသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဋ)     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် e-Government လုပ်ငန်း ကော်မတီတို့၏ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း။

၁။      Microsoft Office 365 အသုံးပြုနည်းသင်တန်း

၂။       Video Editing သင်တန်း

၃။      Power BI သင်တန်း

၄။      Electronic Document Management System (EDMS) အသုံးပြုနည်းသင်တန်း

၅။      Basic Computer Maintenance သင်တန်း

    ကော်မရှင်ရုံးချုပ်နှင့် ကော်မရှင်ရုံးခွဲသုံးခုတွင် Video Conferencing System များ တပ်ဆင်၍ ဌာနတွင်းနှင့် ဌာနပြင်ပအဖွဲ့အစည်းများနှင့် Online Meeting များ ဆောင်ရွက်ခြင်းများကို ဆောင်ရွက်နိုင်စေရေးအတွက် e-Government ဌာနက လိုအပ်သော နည်းပညာအကူအညီပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။