လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာနသည် ၂၀၂၆ ခုနှစ်၊ မေလအတွင်း တိုင်ကြားချက် (၈၁) စောင် စိစစ်ဆောင်ရွက်ခဲ့ပါသည်။ တိုင်ကြားချက်များကို ကော်မရှင်စုံစမ်း စစ်ဆေးရေးအဖွဲ့ အစည်းအဝေး (၃) ကြိမ် ကျင်းပပြုလုပ်၍ စိစစ်ခဲ့ရာ တိုင်ကြားချက် (၉) စောင်ကို လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့လည်းကောင်း၊ တိုင်ကြားချက် (၁၀) စောင်ကို ကာယကံရှင်ထံသို့လည်းကောင်း အကြံပြုပြန်ကြားခဲ့ပြီး၊ တိုင်ကြားချက် (၃၃) စောင် ကို ကော်မရှင် ဥပဒေပုဒ်မ ၃၇ (ခ) အရ လည်းကောင်း၊ ကော်မရှင်ဥပဒေပုဒ်မ ၃၂ (ခ) အရ လည်း ကောင်း၊ ကော်မရှင်ဥပဒေပုဒ်မ ၃၂ (ဂ) အရလည်းကောင်း၊ တိုင်စာအင်္ဂါရပ်နှင့် မညီညွတ်၍ လည်းကောင်း၊ ယခင်ဆောင်ရွက်ပြီးဖြစ်၍လည်းကောင်း မှတ်တမ်းထားရှိခဲ့ပြီး ဆောင်ရွက်ရန် ကျန်ရှိ သည့် တိုင်ကြားစာ (၂၉) စောင်ရှိပါသည်။