တိုင်တန်းချက်များ စိစစ်ဆောင်ရွက်ခြင်း

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာနသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း  တိုင်တန်းချက် (၂၂) စောင်၊ စက်တင်ဘာလ လက်ကျန် (၃) စောင်၊ စုစုပေါင်း (၂၅) စောင် စိစစ်ဆောင်ရွက်ခဲ့ပါသည်။ တိုင်တန်းချက်များကို ကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး (၄) ကြိမ် ကျင်းပပြုလုပ်၍ စိစစ်ခဲ့ရာ တိုင်တန်းချက် (၃) စောင်ကို လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့လည်းကောင်း ၊ တိုင်တန်းချက် (၁) စောင်ကို ကာယကံရှင်ထံသို့ လည်းကောင်း၊ တိုင်တန်းချက် (၁၈) စောင်ကို ကော်မရှင် ဥပဒေပုဒ်မ ၃၂ (ခ) အရလည်းကောင်း၊ ကော်မရှင် ဥပဒေပုဒ်မ ၃၂ (ဂ) အရလည်းကောင်း၊ ကော်မရှင် ဥပဒေပုဒ်မ ၃၇ (က) အရလည်းကောင်း၊ ကော်မရှင် ဥပဒေပုဒ်မ ၃၇ (ခ) အရလည်းကောင်း၊  တိုင်စာအင်္ဂါရပ်နှင့် မညီ၍လည်းကောင်း မှတ်တမ်းထားရှိခဲ့ပါသည်။ အောက်တိုဘာလတွင် တိုင်တန်းချက် လက်ကျန် ၃ စောင် ရှိပါသည်။ 

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဌာနသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း  တိုင်တန်းချက် (၂၄) စောင်၊ ဩဂုတ်လ လက်ကျန် (၂) စောင်၊ စုစုပေါင်း (၂၆) စောင် စိစစ်ဆောင်ရွက်ခဲ့ပါသည်။ တိုင်တန်းချက်များကို ကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး (၄) ကြိမ် ကျင်းပပြုလုပ်၍ စိစစ်ခဲ့ရာ တိုင်တန်းချက် (၄) စောင်ကို လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့လည်းကောင်း၊ တိုင်တန်းချက် (၁) စောင်ကို ကာယကံရှင်ထံသို့လည်းကောင်း၊ တိုင်တန်းချက် (၁၈) စောင်ကို ကော်မရှင် ဥပဒေပုဒ်မ ၃၂ (ဂ) အရလည်းကောင်း၊ ကော်မရှင် ဥပဒေပုဒ်မ ၃၇ (က) အရလည်းကောင်း၊ တိုင်စာအင်္ဂါရပ်နှင့် မညီ၍လည်းကောင်း မှတ်တမ်းထားရှိခဲ့ပါသည်။ စက်တင်ဘာလတွင် တိုင်တန်းချက် လက်ကျန် ၃ စောင် ရှိပါသည်။ 

    လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာနသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း  တိုင်တန်းချက် (၁၂) စောင်၊ ဇူလိုင်လ လက်ကျန် (၅) စောင်၊ စုစုပေါင်း (၁၇) စောင် စိစစ်ဆောင်ရွက်ခဲ့ပါသည်။ တိုင်တန်းချက်များကို ကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး (၃) ကြိမ် ကျင်းပ ပြုလုပ်၍ စိစစ်ခဲ့ရာ တိုင်တန်းချက် (၁) စောင်ကို လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့လည်းကောင်း၊ တိုင်တန်းချက် (၁) စောင်ကို ကာယကံရှင်ထံသို့ လည်းကောင်း   အကြံပြုပြန်ကြားခဲ့ပြီး တိုင်တန်းချက် (၁၃) စောင်ကို ကော်မရှင် ဥပဒေပုဒ်မ ၃၂ (ခ) အရ လည်းကောင်း၊ ကော်မရှင် ဥပဒေပုဒ်မ၃၂ (ဂ) အရလည်းကောင်း၊ ကော်မရှင်ဥပဒေပုဒ်မ ၃၇ (က) အရ လည်းကောင်း၊ တိုင်စာအင်္ဂါရပ်နှင့်မညီ၍လည်းကောင်း မှတ်တမ်းထားရှိခဲ့ပါသည်။ ဩဂုတ်လတွင် တိုင်တန်းချက် လက်ကျန် ၂ စောင်ရှိပါသည်။ 

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာနသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း  တိုင်တန်းချက် ( ၂၅) စောင်၊ မေလ လက်ကျန် (၅) စောင်၊ စုစုပေါင်း (၃၀) စောင် စိစစ်ဆောင်ရွက်ခဲ့ပါသည်။ တိုင်တန်းချက်များကို ကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး (၃) ကြိမ် ကျင်းပပြုလုပ်၍ စိစစ်ခဲ့ရာ တိုင်တန်းချက် (၃) စောင်ကို လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင် ရာ ဌာနများသို့လည်းကောင်း၊ တိုင်တန်းချက် (၂) စောင်ကို ကာယကံရှင်ထံသို့လည်းကောင်း   အကြံပြုပြန်ကြားခဲ့ပြီး  တိုင်တန်းချက် (၂၀) စောင်ကို ကော်မရှင် ဥပဒေပုဒ်မ ၃၂ (ခ) အရ လည်းကောင်း၊ ကော်မရှင် ဥပဒေပုဒ်မ ၃၂ (ဂ) အရလည်းကောင်း၊ ကော်မရှင်ဥပဒေပုဒ်မ ၃၇ (က) အရလည်းကောင်း၊ တိုင်စာအင်္ဂါရပ်နှင့်မညီ၍လည်းကောင်း မှတ်တမ်းထားရှိခဲ့ပါသည်။ ဇူလိုင်လတွင် တိုင်တန်းချက် လက်ကျန် ၅ စောင် ရှိပါသည်။