ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ်လုပ်ငန်းအစီအစဉ်အရ လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲအရာရှိများမှတစ်ဆင့် ပြန့်ပွားစေရန်နှင့် ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးများကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ပြုလုပ်သော ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အလုပ်ရုံသင်တန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက အမှာစကားဆက်လက်ပြောကြားခဲ့သည်။

၂။      အဆိုပါ အလုပ်ရုံသင်တန်းကို ၂ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ ရဲအရာရှိပေါင်း (၅၀) ဦး တက်ရောက်ကြပါသည်။ အလုပ်ရုံ သင်တန်းအတွင်း လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များ၊ ဖွဲ့စည်းပုံ အခြခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းတို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပါသည်။

Recent News