ကုလသမဂ္ဂ၏မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လာရောက်တွေ့ဆုံခြင်း

  • News

    ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၀၀)နာရီအထိ အမှတ်(၂၇)၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ လာရောက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌ က ကော်မရှင်ကဆောင်ရွက်လျက်ရှိသည့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

Recent News