ကော်မရှင် website သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များ၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို အများပြည်သူ သိရှိနိုင်ရန် Facebook စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ပေးလျက် ရှိသကဲ့သို့ ကော်မရှင် website မှ တစ်ဆင့်လည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

    ယခုအခါ ကော်မရှင် website တွင် မြန်မာဘာသာမှ English ဘာသာသို့ အလိုအလျောက် ဘာသာပြန်စနစ်ဖြင့် ဘာသာပြန်ဆိုမှုများ ရှိနေသည်ကို တွေ့ရှိရပြီး အလိုအလျောက် ဘာသာပြန် စနစ်မှ ဘာသာပြန်ဆိုမှုများတွင် ဘာသာပြန်ဆိုမှု အလွဲများ တွေ့ရှိနေရပါသည်။

    သို့ဖြစ်ပါ၍ ကော်မရှင်၏ ထုတ်ပြန်သတင်းများအား မြန်မာဘာသာဖြင့် ဖတ်ရှုလိုသူများ အနေဖြင့် www.mnhrc.org.mm တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါရန်နှင့် English ဘာသာဖြင့် အမှန်ဖတ်ရှုလိုသူများအနေဖြင့် www.mnhrc.org.mm/en တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Recent News