စစ်ဦးစီးတက္ကသိုလ် (ကလော) ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ ဖေဖော်ဝါရီလ ၉ ရက်)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် စစ်ဦးစီးတက္ကသိုလ်တက္ကသိုလ် (ကလော) တွင် ဖွင့်လှစ်လျက်ရှိသည့် စစ်ဦးစီးတက္ကသိုလ်သင်တန်းအမှတ်စဥ (၇၃) သို့-၂-၂၀၂၆ ရက်နေ့ ၀၇း၄၀ နာရီမှ ၁၀း၄၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံ အယူအဆများအကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း တို့ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေများကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်စသည့် ဘာသာရပ်များကို လည်းကောင်း သင်ခန်းစာသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စုစုပေါင်း သင်တန်းသား အရာရှိကြီး ၂၀၆ ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့် မေးခွန်းများ မေးမြန်းခဲ့ကြရာ ကော်မရှင် အဖွဲ့ဝင်နှင့် ညွှန်ကြားရေးမှူးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News