ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ်သာအားကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့ အရ ၂၇-၄-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက် ပေးလျက်ရှိသော  ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိအောင် ဆောင်ရွက် ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု အခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များနှင့် အဆောက်အဦများတွင် သက်ကြီးရွယ်အိုများ သက်တောင့်သက်သာ  နေထိုင်နိုင်မှု ရှိ မရှိ အခြေ အနေ၊ မသန်စွမ်းဘိုးဘွားများအား ပြန်လည်သန်စွမ်းနိုင်ရေး လေ့ကျင့်ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေ အနေစသည့် အခြေခံ လူ့အခွင့်အရေးများ ရရှိခြင်း ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။    ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွားများအား နွေးထွေး ပျူငှာစွာ လိုက်လံတွေ့ဆုံခဲ့ပြီး ကျန်းမာရေးအခြေအနေများကို ကြည့်ရှုမေးမြန်းကာ အားပေးစကားများ ပြောကြားဂါရဝပြုခဲ့ပါသည်။

၄။     ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ်သာအား ကြည့်ရှု စစ်ဆေးရေးခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလိုဆောင်ရွက် ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

Recent News