တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ သင်ခန်းစာပို့ချ (ရန်ကုန်၊ မတ်လ ၁၉ ရက်)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါပြဋ္ဌာန်းချက်များနှင့်အညီအများပြည်သူ၏ လူ့အခွင့်အရေးအသိပညာမြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သန်းမြင့်နှင့်ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၁၂၆)၊ (၁၂၇) နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၂၂၈) တို့သို့ ၁၉-၃-၂၀၂၅ ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သန်းမြင့်က လူ့အခွင့်အရေးအခြေခံ အယူအဆများအကြောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်ကြီး (၉) ခုအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ ခြေလျင်တပ် ရင်းမှူးသင်တန်းအမှတ်စဉ် (၁၂၆)၊ (၁၂၇) ၌ သင်တန်းသား ဦးရေ (၁၂၃) ဦးနှင့် ခြေလျင်တပ်ခွဲ မှူးသင်တန်းအမှတ်စဉ် (၂၂၈) ၌ သင်တန်းသားဦးရေ (၇၈) ဦး၊  စုစုပေါင်းသင်တန်းသားဦးရေ (၂၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။

         

                                                          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်