တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ သင်ခန်းစာ ပို့ချ (၁၈-၁၂-၂၀၂၄)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ
ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့် နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော် (ကြည်း)
တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၁၂၂၊ ၁၂၃) နှင့် ခြေလျင်တပ်ခွဲ မှူးသင်တန်းအမှတ်စဉ် (၂၂၆)
တို့သို့ ၁၈-၁၂-၂၀၂၄ ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီအချိန် အထိ
လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင်
ကော်မရှင်အဖွဲ့ဝင်ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံအယူအဆများ
အကြောင်း၊
ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်ကြီး (၉) ခုအကြောင်းနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်
လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း
စသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၁၂၂၊ ၁၂၃) ၌ သင်တန်းသားဦးရေ (၁၂၀) ဦးနှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၂၂၆)
၌ သင်တန်းသားဦးရေ (၈၉) ဦး၊ စုစုပေါင်း သင်တန်းသားဦးရေ (၂၀၉) ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်



