တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ သင်ခန်းစာ ပို့ချ (၂၀-၁၂-၂၀၂၃)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင် ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၁၁၀)၊ (၁၁၁) နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ် (၂၂၀) တို့သို့ ၂၀-၁၂-၂၀၂၃ ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင်ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံအယူအဆ များအကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းအကြောင်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်ကြီး (၉) ခုအကြောင်းနှင့်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။  ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၁၁၀)၊ (၁၁၁) ၌ သင်တန်း သားဦးရေ (၁၂၀) ဦးနှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၂၂၀) ၌ သင်တန်းသားဦးရေ (၁၁၆) ဦး၊  စုစုပေါင်းသင်တန်းသားဦးရေ (၂၃၆) ဦး တက်ရောက်ခဲ့ကြပါသည်။

         

                                                          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News