တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ သင်ခန်းစာ ပို့ချ (၇-၂-၂၀၂၄)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၁၁၂)၊ (၁၁၃) နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ် (၂၂၁) တို့သို့ ၇-၂-၂၀၂၄ ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်ကြီး (၉) ခုအကြောင်းနှင့်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့် ဘာသာရပ်  သင်ခန်းစာများ ပို့ချခဲ့ပါသည်။  ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၁၁၂)၊ (၁၁၃) ၌ သင်တန်းသား ဦးရေ ၁၁၈ ဦးနှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၂၂၁) ၌ သင်တန်းသားဦးရေ ၁၁၁ ဦး၊  စုစုပေါင်း သင်တန်းသားဦးရေ ၂၂၉ ဦး တက်ရောက်ခဲ့ကြပါသည်။   

                                                          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News