တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ၌ သင်ခန်းစာပို့ချ (ရန်ကုန်၊ သြဂုတ်လ ၈ )

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့် အညီအများပြည်သူ၏ လူ့အခွင့်အရေးအသိပညာမြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ  ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်သူမြိုင်၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်တို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၉၉)၊ (၁၀၀) သို့ ၈-၈-၂၀၂၄ ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင် က လူ့အခွင့်အရေးအခြေခံအယူအဆများအကြောင်း၊ ဒုတိယညွှန်ကြားရေးမှူး ‌ဒေါ်မိမိခိုင်က ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းအကြောင်းနှင့်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း နှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။  ခြေလျင် တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၉၉)၊ (၁၀၀) စုစုပေါင်း သင်တန်းသားဦးရေ (၂၀၆) ဦး တက်ရောက်ခဲ့ကြပါသည်။

         

                                                          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News