တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ၌ သင်ခန်းစာ ပို့ချ (၂၁-၁၂-၂၀၂၃)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင် ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်တို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင်ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၉၃)၊ (၉၄)တို့သို့ ၂၁-၁၂-၂၀၂၃ ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ် သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က လူ့အခွင့်အရေးအခြေခံအယူအဆများအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်မိမိခိုင်က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းစသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။  ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၉၃)၊ (၉၄) ၌ စုစုပေါင်း သင်တန်းသားဦးရေ (၂၃၄) ဦး တက်ရောက်ခဲ့ကြပါသည်။ 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News