တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ၌ သင်ခန်းစာ ပို့ချ (၈-၂-၂၀၂၄)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ မြင့်သူမြိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မင်းသက်လွင်တို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ် (၉၅)၊ (၉၆) တို့သို့ ၈-၂-၂၀၂၄ ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က လူ့အခွင့်အရေးအခြေခံ အယူအဆများအကြောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မင်းသက်လွင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့် ဘာသာရပ် သင်ခန်းစာများ ပို့ချခဲ့ပါသည်။ ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၉၅)၊ (၉၆) ၌ စုစုပေါင်း သင်တန်းသားဦးရေ ၂၂၁ ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်