တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ၌ သင်ခန်းစာသွားရောက်ပို့ချ (ရန်ကုန်၊ မတ်လ ၁၈ ရက်)
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ
အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊
ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရာ ၁၈-၃-၂၀၂၅
ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီအချိန်အထိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း
(မှော်ဘီ) တွင် ဖွင့်လှစ် လျက်ရှိသော ခြေလျင်တပ်ခွဲမှူး (အမျိုးသမီး) သင်တန်းအမှတ်စဉ်
(၁) သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ရုံးမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းသည် လူ့အခွင့်အရေးဆိုင်ရာဘာသာရပ် သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက လူ့အခွင့်အရေး
အခြေခံအယူအဆများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့်
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး
ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းစသည့် ဘာသာရပ်သင်ခန်းစာများ
ပို့ချခဲ့ပါသည်။ ခြေလျင်တပ်ခွဲမှူး (အမျိုးသမီး) သင်တန်းအမှတ်စဉ်
(၁) မှ သင်တန်းသူဦးရေစုစုပေါင်း
(၄၈) ဦး သင်တန်းသို့ တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
