တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး၊ ဘုရင့်နောင်) တို့တွင် Video Conferencing System ဖြင့်သင်ခန်းစာပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင် မောင်မောင်သန်းနှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၂၁၃) နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ် ခွဲမှူးသင်တန်း အမှတ်စဉ် (၇၉၊ ၈၀) တို့ကို ၂-၁၁-၂၀၂၂ ရက်နေ့ ၁၂:၀၀ နာရီမှ ၁၅:၀၀ နာရီအချိန်ထိ Video Conferencing System ဖြင့် သင်ခန်းစာပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက လူ့အခွင့်အရေး အခြေခံအယူအဆများ အကြောင်းကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းစသည့် ဘာသာရပ် သင်ခန်းစာများအသီးသီး ပို့ချခဲ့ပါသည်။  ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၂၁၃) ၌ သင်တန်းသားဦးရေ (၁၂၁) ဦးနှင့် ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၇၉၊ ၈၀) ၌ သင်တန်းသားဦးရေ (၂၃၂) ဦး စုစုပေါင်းသင်တန်းသားဦးရေ (၃၅၃) ဦး တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News