တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် သင်ခန်းစာပို့ချ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင် ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော်  (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဥ် (၁၀၅) နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၂၁၆) တို့ကို ၂၂--၂၀၂၃ ရက်နေ့ ၁၂:၀၀ နာရီအချိန်မှ ၁၅:၀၀ နာရီအချိန်ထိ သင်ခန်းစာသွားရောက် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊  ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့် ဘာသာရပ်သင်ခန်း စာများ အသီးသီးပို့ချခဲ့ပါသည်။ တိုက်ခိုက်ရေးကျောင်း  (ဗထူး)ခြေလျင် တပ်ရင်းမှူးသင်တန်း အမှတ်စဥ် (၁၀၅) ၌ သင်တန်းသားဦးရေ (၆၂) ဦးနှင့် ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၂၁၆) ၌ သင်တန်းသားဦးရေ (၁၁၅) ဦး စုစုပေါင်းသင်တန်းသားဦး‌ရေ (၁၇၇) ဦး တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News