တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် Video Conferencing ဖြင့် သင်ခန်းစာပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)  ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်း၊ အမှတ်စဉ် (၉၈) နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်း၊ အမှတ်စဉ် (၂၀၉) တို့၌ ၂၂-၂-၂၀၂၂ ရက်နေ့၊ နံနက် ၀၇:၄၀ နာရီမှ ၁၀:၅၀ နာရီ အချိန် အထိ Video Conferencing ဖြင့် သင်ခန်းစာပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံအယူအဆများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့် ဘာသာရပ်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အကြောင်းကိုလည်းကောင်း သင်ခန်းစာများ အသီးသီး ပို့ချခဲ့ကြပါသည်။ သင်တန်းတွင် ခြေလျင်တပ်ရင်းမှူးသင်တန်း၊ အမှတ်စဉ် (၉၈) မှ သင်တန်းသားဦးရေ (၃၀) ဦးနှင့် ခြေလျင်တပ်ခွဲမှူးသင်တန်း၊ အမှတ်စဉ် (၂၀၉) မှ သင်တန်းသားဦးရေ (၁၂၃) ဦး၊ စုစုပေါင်း (၁၅၃) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။

 

Recent News