တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် သင်ခန်းစာပို့ချ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (က) ပါ ပြဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေးအတွက်   သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော  ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၈၅) နှင့် အမှတ်စဉ် (၈၆) တို့ကို ၂၂--၂၀၂၃ ရက်နေ့ ၁၂:၀၀ နာရီအချိန်မှ ၁၅:၀၀ နာရီအချိန်ထိ Video Conferencing system ဖြင့် သင်ခန်းစာပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင်  ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက လူ့အခွင့်အရေး အခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊  အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည့်ဘာသာရပ် သင်ခန်းစာများ အသီးသီးပို့ချခဲ့ပါသည်။ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ် (၈၅) ၌ သင်တန်းသားဦးရေ (၁၁၇) ဦးနှင့် အမှတ်စဉ် (၈၆) ၌ သင်တန်းသားဦးရေ (၁၂၁) ဦး စုစုပေါင်းသင်တန်းသားဦးရေ  (၂၃၈)  ဦး တက် ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News