တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် သင်ခန်းစာပို့ချ (၁၃-၉-၂၀၂၃)

  • News

       မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာမြင့်မားလာစေရေး အတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ် မြောက်အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်း နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်တို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော  ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၈၉) နှင့် အမှတ်စဉ် (၉၀) တို့ကို --၂၀၂၃ ရက်နေ့ ၁၂:၀၀ နာရီအချိန်မှ ၁၅:၀၀ နာရီအချိန်ထိ  လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများကို Video Conferencing system ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင်  ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက လူ့အခွင့်အရေး အခြေခံအယူအဆများအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား  လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့် ဘာသာရပ် သင်ခန်းစာများ အသီးသီး ပို့ချခဲ့ပါသည်။ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)၊ ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၈၉) နှင့် အမှတ်စဉ် (၉၀)၌  စုစုပေါင်းသင်တန်းသားဦးရေ  (၂၄၂)  ဦး တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News