နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ သင်ခန်းစာသွားရောက်ပို့ချ (ရန်ကုန်၊ သြဂုတ်လ ၈)

  • News

         မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဉပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၂၃) သို့ တက်ရောက်လျက်ရှိသော သင်တန်းသားများအား ၈-၈-၂၀၂၄ ရက်နေ့၊ ၀၈း၀၀ နာရီမှ ၁၁း၅၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများ သွားရောက် ပို့ချခဲ့ ပါသည်။ ပို့ချရာတွင်  လူ့အခွင့်အရေးအခြေခံအယူအဆ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အ‌ရေးယန္တရား၊  အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများထူထောင်မှု (Establishment of NHRIs)နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး‌ ကော်မရှင်၏ လုပ်ငန်းတာဝန်များစသည့် ဘာသာရပ်သင်ခန်းစာများအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသားအရာရှိကြီးများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။        

                                                          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News