နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာပို့ချ (ရန်ကုန်၊ ဩဂုတ်လ ၂၈ ရက်)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ် (၁၈) သို့  ၂၈-၈-၂၀၂၄ ရက်နေ့ ၀၈း၀၀ နာရီအချိန်မှ ၁၁း၅၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ လူ့အခွင့်အရေးဆိုင်ရာအခြေခံအယူအဆများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုလသမဂ္ဂလူ့အခွင့်အရေး ယန္တရားစသည့် ဘာသာရပ်များပို့ချခဲ့ပါသည်။ အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ် (၁၈) ၌ စုစုပေါင်း သင်တန်းသားဦးရေ ၄၁ ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News