နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ ဒီဇင်ဘာလ ၁၁ ရက်)
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဉပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ
အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ
ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော အခြေခံပညာ
ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁၀၈)
တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဘာသာရပ်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ၁၁-၁၂-၂၀၂၄ ရက်နေ့၊ ၀၈း၀၀ နာရီ
အချိန်မှ ၁၁း၂၀ နာရီအချိန်ထိ သွားရောက်သင်ခန်းစာပို့ချခဲ့ပါသည်။ သင်တန်းသို့ စုစုပေါင်း ဆရာ၊
ဆရာမဦးရေ (၃၉၄) ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းသူ/
သားများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက
ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်