နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ ဩဂုတ်လ ၂၀ ရက်)

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဉပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော အခြေခံပညာဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁၀၆) သို့ ၂၀-၈-၂၀၂၄ ရက်နေ့ ၀၈း၀၀ နာရီမှ ၁၁း၅၀ နာရီအချိန်ထိ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများကို သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဆရာ၊ ဆရာမ စုစုပေါင်း (၃၉၃) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း တက်ရောက်လာသူများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News