နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၀) တွင် သင်ခန်းစာသွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ကော်မရှင် ဉပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်း အချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်တို့က အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၀) သို့ ၂၄--၂၀၂၃ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်မှ ၁၅:၅၅ နာရီအချိန်ထိ လူ့အခွင့်အရေး ဆိုင်ရာသင်ခန်းစာများသွား ရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်က လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက နိုင်ငံတော်နှင့် ပြည်သူ့တာဝန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ကမ္ဘာ့နိုင်ငံများ၏လူ့အခွင့်အရေးအခြေအနေများကို ပုံမှန် သုံးသပ်သည့် လုပ်ငန်းစဉ်စသည့် ဘာသာရပ်များကိုလည်းကောင်း သင်ခန်းစာများ အသီးသီးပို့ချခဲ့ ကြရာ စုစုပေါင်းသင်တန်းသားဦးရေ (၃၆) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်တို့က ပြန်လည်ဖြေကြားခဲ့ကြပါ သည်။

                                                                                                                                                                                                                                             

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News