ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီမှ ဖွင့်လှစ်လျက်ရှိသော သင်တန်း၌ သင်ခန်းစာသွားရောက်ပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ်မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (နေပြည်တော်) ၌ ဖွင့်လှစ်လျက်ရှိသော “ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး (TOT) သင်တန်း” သို့  ၂၇-၂-၂၀၂၆ ရက်နေ့၊ ၁၃း၀၀ နာရီမှ ၁၄း၃၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကိစ္စရပ်များကို လူ့အခွင့်အရေး ရှုထောင့်မှ သုံးသပ်ဆွေးနွေး ပို့ချခဲ့ရာတွင် တက်ရောက်လာသူများကလည်း တစ်ဦးချင်းနှင့် အုပ်စုလိုက် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။  သင်တန်းတွင် သင်တန်းသား ၅ ဦး၊ သင်တန်းသူ ၂၀ ဦး စုစု‌ပေါင်း ၂၅  ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့်မေးခွန်းများကို မေးမြန်းခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


Recent News