ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးခြင်း

  • News

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀း၀၀) နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး (နေပြည်တော်) ၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ အဖွဲ့ဝင် ဦးခင်မောင်ဦး၊ အတွင်းရေးမှူး ဦးရဲရင့်လွင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်အောင်၊ ဦးဝင်းလှိုင်ဦး(ခ) ကုန်ဇမှုန်းတို့ ပါဝင်တက်ရောက်ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌတို့က ကျင်းပပြုလုပ်ရန်ရှိသော ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစေရန်၊ ပါဝင်ထိုက်သူများ ပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန်၊ ဥပဒေနှင့် ညီညွတ်ပြီး သတ်မှတ်သောစံနှုန်းများ ကိုက်ညီစေရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ အလွန်ကာလ (၃) ခုလုံး၌ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးဆိုင်ရာကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်များအပါအဝင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ မဲပေးနိုင်ရေး ကိစ္စများ၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြည်သူ့သို့ အသိပညာပေးမှုကိစ္စများ၊  မြန်မာ electronic မဲပေးစက်များ (MEVM) ဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကိစ္စများ  သည့် ဆောင်ရွက်ချက်များကို ဆွေးနွေး ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှုကို ယမန်နေ့ နံနက်(၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News