ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရန်ကုန်မြို့ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်း အောက်ဖော်ပြပါ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က)    ကော်မရှင်ရုံးခွဲ တည်ဆောက်ခြင်း ပေ (၄၄ × ၆၄ × ၁၂) နှစ်ထပ် သွင်းမိုး၊ သံကူ ကွန်ကရစ်နှင့် ပေ (၁၆ × ၁၆) ဆင်ဝင်ပါ အဆောက်အဦ

(ခ)     အရာရှိနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း ပေ (၆၆ ×၄၁× ၁၀) နှစ်ထပ် သွပ်မိုး၊ သံကူကွန်ကရစ်နှင့် ပေ (၁၆ × ၁၆ ) ဆင်ဝင်ပါ အဆောက်အဦ

၂။      အိတ်ဖွင့်တင်ဒါများကို အောက်ပါအစီအစဉ်အတိုင်း တင်သွင်းရန် ဖြစ်ပါသည်။

(က)    တင်ဒါ ရောင်းချမည့် ရက်နှင့် အချိန်          ၁၈-၁၂-၂၀၁၇ ရက်၊ ၉:၀၀ နာရီမှ၂၀-၁၂-၂၀၁၇ ရက်၊ ၁၆:၀၀ နာရီထိ

(ခ)     တင်ဒါ ပိတ်မည့် ရက်နှင့် အချိန်                 ၂၆-၁၂-၂၀၁၇ ရက်၊ ၁၆:၀၀ နာရီ

(ဂ)     တင်ဒါ ဖွင့်မည့်ရက်                                 ၁၈-၁-၂၀၁၈ ရက်၊ ၁၀:၀၀ နာရီ

(ဃ)    တင်ဒါ ရောင်းချမည့်နေရာ                       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊

၃။      သတ်မှတ်ကာလ ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ် အချက်အလက်များကို ဖုန်း ၀၁- ၆၅၄၆၇၀၊ ၀၁- ၆၅၄၆၇၇ သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်း နိုင်ပါသည်။

တင်ဒါစိစစ်ရေးကော်မတီ

Recent News