ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (ICCPR) နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲကျင်းပခြင်း

  • News

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Democracy Reporting International (DRI) တို့ပူးပေါင်း၍ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ခံ အရာရှိများ၊ DRI အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင်  ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Professor Xavier Philippe က ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းရာ Professor Xavier Philippe က ပြန်လည်ဆွေးနွေးဖြေကြားမှုများ ပြုလုပ်ခဲ့သည်။

Recent News