ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်လျက်ရှိသည့် စာရေးဝန်ထမ်း ကြီးကြပ်မှုသင်တန်း ၊ အမှတ်စဉ် (၈၆) တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသည့် စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့်သင်တန်း ၊ အမှတ်စဉ် (၈၆) တွင် လူ့အခွင့်အရေး အခြေခံအယူအဆ ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းတို့ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ၁၃:၀၀ နာရီ မှ ၁၅:၅၅ နာရီအထိ၊ နတ်သျှင်နောင်ခန်းမတွင် သွားရောက်ပို့ချခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသားဦးရေ (၆၇) ဦးတက်ရောက်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

                                                                                                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News