ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် နှင့် ဒေါက်တာတင်မောင်မောင်သန်းတို့သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁၇) ၌ ၂--၂၀၂၂ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်မှ ၁၅း၅၅ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက နိုင်ငံတော်၏ တာဝန်ဝတ္တရား နှင့် အများပြည်သူတာဝန်ရှိမှု၊  ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားနှင့် ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေများကို ပုံမှန်သုံးသပ်သည့် အစီရင်ခံစာ စသည့် ဘာသာရပ်များကို လည်းကောင်း သင်ခန်းစာများ အသီးသီး ပို့ချခဲ့ကြရာ စုစုပေါင်း သင်တန်သားဦးရေ (၄၃) ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာတင်မောင်မောင်သန်းတို့က ပြန်လည်ဖြေကြားခဲ့ကြပါ သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News