မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ကော်မရှင်အဖွဲ့ဝင်မှ တွေ့ဆုံခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မကွေးဗဟိုအကျဉ်းထောင်နှင့်  မကွေးမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်အတွင်း ၁၄-၂-၂၀၂၃ ရက်နေ့ နံနက်ပိုင်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများအားတွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများမှ ကော်မရှင်သို့ ပေးပို့တိုင်ကြားလာသော တိုင်တန်းချက်များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ထောင်၊ ရဲစခန်းအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးမှု အခြေအနေများ၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ ကော်မရှင်မှ ဆောင်ရွက်နေမှုများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)နှင့် ကော်မရှင်လက်ကမ်းစာစောင်များအား ပေးအပ်ခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်

Recent News