မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ ‌လေ့ကျင့်ရေးဌာနခွဲ (အင်းစိန်) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်‌ရေးဌာနခွဲ (အင်းစိန်) တွင် ဖွင့်လှစ်လျက်ရှိ သော စုံထောက် (အရာရှိ) သင်တန်း အမှတ်စဉ် (၁၉၁/၂၀၂၂) ၌ ၁၄-၁၁-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၂:၃၀ နာရီမှ ၁၄:၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ ပါသည်။ အဆိုပါ သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေး မြှင့်တင် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအကြောင်း သိကောင်းစရာ စသည့်သင်ခန်းစာများကို ပို့ချခဲ့ပါ သည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၁၁၉) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း သားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ပြန်လည်ဖြေကြားခဲ့ပါသည်။

                                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News