မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်ရေးဌာနခွဲ (အင်းစိန်) ၌ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ ဇန်နဝါရီလ ၁၃ ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ
၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏
လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်ရေးဌာနခွဲ (အင်းစိန်) တွင် ဖွင့်လှစ်လျက်ရှိသော စုံထောက်
(အရာရှိ) သင်တန်းအမှတ်စဉ် (၁၉၆/၂၀၂၄) သို့ ၁၃-၁-၂၀၂၅
ရက်နေ့ ၁၂:၃၀ နာရီမှ ၁၄:၅၅ နာရီအချိန်အထိ
လူ့အခွင့်အရေးအသိပညာပေးဘာသာရပ် သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးအခြေခံအယူအဆများ၊ မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးအကြောင်း သိကောင်းစရာစသည့် သင်ခန်းစာဘာသာရပ်များ
ပို့ချခဲ့ပါသည်။ သင်တန်းတွင်
သင်တန်းသား (၈၀) ဦး၊ သင်တန်းသူ (၃၈) ဦး စုစုပေါင်း
သင်တန်းသားဦးရေ (၁၁၈) ဦး တက် ရောက်ခဲ့ကြပြီး
သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ်
ဦးဘုန်းကြွယ်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်