မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ ‌လေ့ကျင့်ရေးဌာနခွဲ (အင်းစိန်) ၌ သင်ခန်းစာ သွားရောက်ပို့ချ (၂၅-၃-၂၀၂၄)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်‌ရေးဌာနခွဲ (အင်းစိန်) တွင် ဖွင့်လှစ်လျက်ရှိသော စုံထောက်(အရာရှိ)သင်တန်းအမှတ်စဉ် (၁၉၄/၂၀၂၃) ၌ ၂၅-၃-၂၀၂၄ ရက်နေ့ ၁၂:၃၀ နာရီမှ ၁၄:၅၅ နာရီအချိန်အထိ လူ့အခွင့်အရေးအသိပညာပေး သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့် ဘာသာရပ်သင်ခန်းစာများကို ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News