မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်ရေးဌာနခွဲ၌ သင်ခန်းစာသွားရောက်ပို့ချ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ
၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို
ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်
လုပ်ငန်းများ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊
ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကို
ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်ရေးဌာနခွဲ (အင်းစိန်) တွင် ဖွင့်လှစ်လျက်ရှိသော စုံထောက် (အရာရှိ) သင်တန်းအမှတ်စဉ် (၁၉၉) သို့ ၁၁-၅-၂၀၂၆ ရက်နေ့တွင် ၁၂း၃၀ နာရီ
အချိန်မှ ၁၄း၅၅ နာရီအချိန်အထိ လူ့အခွင့်အရေးအသိပညာပေး ဘာသာရပ်သင်ခန်းစာအား သွားရောက် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင်
လူ့အခွင့်အရေးအခြေခံအယူအဆများ၊
ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းအကြောင်း၊
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည့်
သင်ခန်းစာများပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၉၆ ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း သင်တန်းသား ၁၂၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့်
မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက
ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်