မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက် အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အ‌ရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာ‌ပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိ အတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော စခန်းမှူးသင်တန်းအမှတ်စဉ် (၆၈/၂၀၂၃) ၁၁-၅-၂၀၂၃ ရက်နေ့ နံနက် ၀၇:၃၀ နာရီမှ ၀၉:၅၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများကို လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအကြောင်း သိကောင်းစရာစသည့် သင်ခန်းစာဘာသာရပ်များ ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်းသင်တန်းသားဦးရေ (၉၉) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။

                                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

Recent News