မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၌ သင်ခန်းစာသွားရောက်ပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ်မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်တို့သည်  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (ရန်ကုန်) တွင် ဖွင့်လှစ်လျက်ရှိသည့်  သတင်းမီဒီယာသင်တန်း အမှတ်စဉ် (၆) သို့  ၁၃-၃-၂၀၂၆ ရက်နေ့၊ ၁၀:၀၀ နာရီမှ ၁၅း၀၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူ့အခွင့်အရေးအခြေခံ အယူအဆများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်ရေး ကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းနှင့် သတင်းမီဒီယာနှင့် လူအခွင့်အရေးဘာသာရပ်သင်ခန်းစာတို့ကို ဆွေးနွေးပို့ချခဲ့ပါသည်။  အဆိုပါ သင်တန်းတွင် သင်တန်းသား ၂၉   ဦး၊ သင်တန်းသူ  ၁၂  ဦး စုစု‌ပေါင်း ၄၁  ဦး တက်ရောက်ခဲ့ကြပြီးသိရှိလိုသည့်မေးခွန်းများကို မေးမြန်းခဲ့ကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်