မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၌ သင်ခန်းစာသွားရောက်ပို့ချ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ
လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို
ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ်ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ်မူဘောင်ပါ ပန်းတိုင်၊
ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့်
ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်တို့သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
(ရန်ကုန်) တွင် ဖွင့်လှစ်လျက်ရှိသည့် သတင်းမီဒီယာသင်တန်း
အမှတ်စဉ် (၇) သို့ ၂၂-၅-၂၀၂၆ ရက်နေ့၊ ၁၀:၀၀
နာရီမှ ၁၅း၀၀ နာရီအချိန်ထိ
လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ သတင်းမီဒီယာကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် အများပြည်သူအကျိုးစီးပွားအတွက်
အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့်အားလျော်စွာ ပြည်သူများအတွက် မှန်ကန်သည့်
သတင်းအချက်အလက် သိရှိနိုင်ရေးဆောင်ရွက်သော အရည်အချင်းပြည့်ဝ၍ အပြုသဘောဆောင်သည့် သတင်းမီဒီယာသမားများဖြစ်စေရန်
ရည်ရွယ်ချက်ဖြင့် အဆိုပါသင်တန်းတွင် လူ့အခွင့်အရေး
အခြေခံအယူအဆများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်ရေး ကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့်
လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းနှင့် သတင်းမီဒီယာနှင့် လူ့အခွင့်အရေးဘာသာရပ်သင်ခန်းစာတို့ကို
ဆွေးနွေးပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင်
သင်တန်းသား ၂၁ ဦး၊ သင်တန်းသူ ၉ ဦး စုစုပေါင်း
၃၀ ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့်မေးခွန်းများကို မေးမြန်းခဲ့ကြရာ သင်တန်းနည်းပြများက
ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်