မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းတို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ် (၂၂-၁၂-၂၀၂၃)

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိတ်ဖက်အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်သူများ၏အခွင့်အရေးများနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကလေးသူငယ်များ၏အခွင့်အရေးများ နှင့်စပ်လျဥ်းသည့် ဆွေးနွေးပွဲကို ၂၂-၁၂-၂၀၂၃ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာတင်မောင်မောင်သန်းတို့ ဦးဆောင်သော ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌဦးမင်းသိမ်းနှင့် အလုပ်အမှုဆောင် (အဖွဲ့ဝင်) တို့ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ကော်မရှင်အဖွဲ့ဝင် ‌ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးများနှင့်စပ်လျဥ်း၍ ကော်မရှင်၏ ၂၀၂၄ ခုနှစ်‌ လုပ်ငန်းစီမံချက်တွင် ထည့်သွင်းရေးဆွဲနိုင်ရန်အတွက် ကော်မရှင်နှင့် ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊  ကော်မရှင်အဖွဲ့ဝင် ‌ဒေါက်တာတင်မောင်မောင်သန်းက ၂၀၂၄ ခုနှစ်အတွင်း ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် စပ်လျဥ်းကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌဦးမင်းသိမ်းက ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပါသည်။

ထို့နောက် ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌဦးမင်းသိမ်းက ကျေးဇူးတင်စကား ပြောကြားပြီး ကော်မရှင်အဖွဲ့ဝင် ‌ဒေါက်တာသန်းမြင့်က နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံဆွေးနွေးပွဲကို ၁၂း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News