မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မရမ်းကုန်းမြို့နယ်တွင် တည်ဆောက်လျက် ရှိသည့် COVID-19 ရောဂါကုသရေးဌာန ( မရမ်းကုန်း ) အင်းယားစင်တာအား သွားရောက်ကြည့်ရှု အားပေး

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့ပါဝင်သောအဖွဲ့သည် မရမ်းကုန်းမြို့နယ်တွင် ဆောက်လုပ် လျက်ရှိသည့် COVID-19 ရောဂါကုသရေးဌာန ( မရမ်းကုန်း ) အင်းယားစင်တာအား ၇-၁၀-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁၂:၃၀ နာရီ အချိန်သွားရောက် ကြည့်ရှုခဲ့ပါသည်။ ဆောက်လုပ်ရေး စင်တာမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ခွန်းဆက်ကြပြီး ဆေးရုံ Hospital Space Planner ဖြစ်သူ ဦးစိုးလှိုင်က ကုသရေးဌာနအတွင်း ကျား/မအဆောင်များ၊ အောက်ဆီဂျင်ခန်းတည်ဆောက် နေမှုများ၊ ကျန်းမာရေးဝန်ထမ်းများမှထိန်းချုပ်ကုသမည့် နေရာများ၊ လူနာထမင်းစား ဆောင်အခန်းများအား လိုက်လံရှင်းလင်းပြသပါသည်။ ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်မှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က COVID-19 ရောဂါပိုးတွေ့လူနာများ၏ အခြေခံ လူ့အခွင့်အရေးများ အပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးကြသည့် အလှူရှင်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကလည်း လိုအပ်သည်များကို တတ်အားသရွေ့ ကူညီပံ့ပိုးကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

                                                                                                                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News