မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ အဆောင်နေဝန်ထမ်းများအား မီးဖိုချောင်သုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း

  • News

    ကိုဗစ်ကပ်ရောဂါကာလအတွင်း ရုံးလုပ်ငန်းများဆောင်ရွက်နေသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးရှိ အဆောင်နေဝန်ထမ်းများအတွက် ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ လှူဒါန်းသော မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့သည့်အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတည်ရှိရာ အမှတ်၊ ၂၇ ပြည်လမ်း၊ ခြောက်မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ၅-၁၀-၂၀၂၀ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် အဆောင်နေ ဝန်ထမ်း (၂၂) ဦး အတွက် တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာ၊ အာလူး(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ၊ ပဲနီလေး (၂) ဗူး၊ ငါးသေတ္တာဗူး(၃)ဗူး နှင့် ခေါက်ဆွဲခြောက်ထုပ် (၁)ထုပ်စီအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက် လာကြသူများအနက်မှ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

                                                                                                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News