မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ဖြည့်စွက်ခန့်ထားခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်
၄၇/၂၀၂၄
၁၃၈၆
ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်
(၂၀၂၄
ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ
ဖြည့်စွက်ခန့်ထားခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၄၁၉ အရ အောက်ပါ ပုဂ္ဂိုလ်များကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ်
ဖြည့်စွက်ခန့်ထား လိုက်သည်-
(၁) ဦးဝင်းလှိုင်ဦး
(ခ) ကုန်ဇမှုန်း
ဂေါပကအဖွဲ့ဝင်
စိန်မေရီကတ်သလစ်ဘုရားကျောင်း
(၂) ဦးသန်းဝင်း
ဂေါပကအဖွဲ့ဝင်
ပိန္နဲကုန်းဂျာမေဗလီ
(၃) ဦးတင်ကိုကို
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း
အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး