မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း (၁၈-၃-၂၀၂၄)

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး‌ ကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Knowledge Sharing Program အရ “နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်များ - Rights and Duties of the Citizens” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေး ဟောပြောပွဲကို ၁၈ - ၃ -၂၀၂၄ ရက်နေ့၊ နေ့လည် ၁၃း၃၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အသိပညာပေးရေးဟောပြောပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ‌ဟောပြောဆွေးနွေးရာတွင်  “နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်များ - Rights and Duties of the Citizens” ခေါင်းစဉ်ဖြင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ( Universal Declaration of Human Rights – UDHR) ပါ အခွင့်အရေးနှင့် တာဝန်ရှိမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းနှင့် စပ်လျဉ်းသည့် ကမ္ဘာ့နိုင်ငံများကျင့်သုံးသည့်သမိုင်း ၊ မြန်မာ့သမိုင်းတွင် နိုင်ငံကာကွယ်ရေးအတွက် ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်များ၊ မျက်မှောက်ခေတ် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးသောနိုင်ငံများ၊ ပြည်သူ့စစ်မှုထမ်းတာဝန်မှ ယာယီရွှေ့ဆိုင်းခွင့်ရရှိသူများနှင့် ဥပဒေအရ ကင်းလွတ်ခွင့်ရသူများ၊ နိုင်ငံ့သားကောင်းဂုဏ်ရည်နှင့် ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ခြင်း၏ အကျိုးရလဒ်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပါသည်။ ဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက နိုင်ငံအချို့တွင် ပြည်သူ့စစ်မှုထမ်းခြင်းသာဓကနှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးနှင့် တာဝန်ရှိမှုတို့ကို ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

၃။      ဟောပြောပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း/အမှုထမ်းများ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြပြီး အသိပညာပေး ဟောပြောပွဲအား (၁၄း၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News